Covid-19 ကူးစက်မှုမြင့်နေသည့် အိန္ဒိယနိုင်ငံမှမြန်မာသို့ပြန်လာမည့်သူများကို တမူးမြို့တွင် Quarantine ထားရန်ပြင်ဆင်ထား

ကွာလတင်းထားမည့် မိုးကာတဲများ

ဇွန် ၁၉ ၊ တမူး

လတ်တလောတွင် Covid 19 ကူးစက်မှုနှုန်းမြင့်မားနေသည့် အိန္ဒိယနိုင်ငံမှ ပြန်လာမည့်သူများကို အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် Quarantine ထားရန်ပြင်ဆင်ထားကြောင်း  တမူးမြို့ရှိ Volunteer အဖွဲ့ဝင် ဦးလွင်ဦးက ရှမ်းနီအသံကိုပြောသည်။ 

“သူတို့ကတော့ ဘယ်ချိန် လာမယ်ဆိုတာကိုတော့ မသိသေးဘူး ဒီမှာတော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ပြောလို့တော့ မရသေးဘူး သုံးရာ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်လို့ကြားတယ်။ ပထမတစ်တုတ်ကတော့ တစ်ရာပဲ လက်ခံတယ်။”ဟု ၎င်းကဆက်ပြောသည်။

ထိုတမူးမြို့တွင် Quarantine ထားရှိမှုကို မြို့သူမြို့သားများက ကျန်းမာရေးဝန်ထမ်းအခက်အခဲများ ၊ နေရာအခက်အခဲများနှင့် ဆေးကုသရေးအတွက်လုံလောက်သည့် အနေအထားမရှိသောကြောင့် Quarantine  ထားရှိမှုကို လက်မခံကြောင်း Covid19 ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီ ထံတင်ပြထားသည်။ 

“ အိန္ဒိယကလည်း တအားဖြစ်နေတယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ တမူးမြို့သူမြို့သားတွေကတော့ မထားချင်ဘူးပေါ့နော။ မထားချင်ပေမဲ့လည်း အမိန့်အရတော့ ထားရတော့မှာပေါ့။” ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိတွင် အိန္ဒိယနိုင်ငံမှာ ပြန်လာမည့် လူတစ်ရာကျော်အတွက် Quarantine ထားရှိရန် အတွက် လမ်းဆောက်လုပ်ရေးကုမ္မဏီတစ်ခု၏ ရုံးဝင်း ကွင်းပြင်နေရာတွင် မိုးကာတဲများ ပြင်ဆင်ထားကြောင်း အဆိုပါနေရာတွင်လည်း (၈၀)ဦးခန့်သာ ဝင်ဆန့်မည်ဖြစ်သည်။ 

လက်ရှိ တမူးမြို့တွင် အိန္ဒိယမှ ပြန်လာသူ ထားရှိသူ (၅၀) ဦးကို Quarantineထားရှိထားပြီး  Covid- 19  ရောဂါအထူးကုသမှုတွင် အသုံးပြုသည့် အောက်ဆီဂျင်စက်နှစ်လုံးကိုလည်း ဒေသခံ ရံပုံငွေများဖြင့် ဆေးရုံတွင် ဝယ်ယူထားရှိထားကြောင်း၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ Covid-19 ကူးစက်ခံရမှုအများဆုံးသော စာရင်းတွင်လည်း (၅၂) ဦးဖြင့် အိန္ဒိယနိုင်ငံမှ အများဆုံးဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *