စက်တင်ဘာ ၂၆ ၊ ချင်းမိုင်
Facebook က အသစ်ပြောင်းလဲမည့် News Feed ပုံစံအသစ်ကို မြန်မာနိုင်ငံမှာအကောင်အထည်မဖော်ဖို့ သတင်းမီဒီယာတွေနဲ့ မီဒီယာအခွင့်အရေး ဆိုင်ရာအဖွဲ့ ၄၃ ဖွဲ့က တိုက်တွန်းထားပါတယ်။
ဖေ့ဘုတ်ရဲ့ မြန်မာနိုင်ငံမှာ မိတ်ဆက်မယ့် Newsfeed ပုံစံအသစ်က သတင်းသိရှိပိုင်ခွင့် ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကိုပါ ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။
ဖေ့ဘုတ်ရဲ့ လက်ရှိအယ်ဂိုရစ်သမ်က လူတစ်ဦးချင်းစီရဲ့ News feed တွေပေါ်မှာ ယခင်က ဖော်ပြခဲ့တဲ့ စိတ်ဝင်းစားတဲ့ အကြောင်းအရာတွေပေါ် မူတည်ပြီး ဖန်းတီးနေထားတာဖြစ်ပြီး အသစ်ပြုပြင်လိုက်တဲ့ အယ်ဂိုရစ်သမ်က အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လျော့ချဖို့ ပြုပြင်လိုက်ခြင်းက မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက် အခွင့်အရေးကို ချိုးဖောက်မှုဖြစ်နေတယ်လို့ တိုက်တွန်းတောင်းဆိုချက်ထဲမှာ ပြောထားပါတယ်။
Newsfeed ပုံစံအသစ်က တချို့နိုင်ငံတွေမှာ အများပြည်သူအကျိုးဖြစ်ထွန်းမှုရှိပေမယ့်လည်း တချို့နိုင်ငံတွေမှာ ဆုတ်ယုတ်မှုတွေရှိနေပြီး မြန်မာနိုင်ငံအတွင်းက လူထုနဲ့ သတင်းမီဒီယာတွေအတွက် ဖေ့ဘုတ်ရဲ့ ပြုပြင်ပြောင်းလဲမယ့် ပုံစံအသစ်က ဘယ်လို ဆိုးရွာမှုတွေရှိလာနိုင်သလဲဆိုတာ ပြန်လည် သုံးသပ်ဖို့အတွက် တောင်းဆိုထားကြပါတယ်။
ဒီပူးတွဲသဘောတူညီချက်တွေကို Meta ရဲ့ CEO မက်ဇူကာဘတ်ကိုလည်း ပေးပို့ထားပြီလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေ့ဘုတ်အပါအဝင် Meta က ထုတ်ထားတဲ့ Messenger, Instgram တွေကို အာဏာသိမ်းပြီး ၂ ရက်ကတည်းက သုံးစွဲခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။