ဖေဖော်ဝါရီ ၂၈ ၊ ဒီမောဆို
Karenni Generation Z (KGZ) တပ်ဖွဲ့က DVB သတင်းဌာနက ခွန်ဇော်ဦး ၊ Myanmar Now သတင်းဌာန အလွတ်တန်းသတင်းထောက် မမြတ်မိုးသူ နဲ့ ပုဒ်မ ၅၀၅ (က) နဲ့ တိမ်းရှောင်လာသူ (၁၀)တန်းကျောင်းသူ တစ်ဦးကို ဒလံလို့စွပ်စွဲရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
သူတို့သုံးဦးကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှာ KGZ အဖွဲ့က ဖမ်းဆီးပြီးကာ ရိုက်နှိပ်ခဲ့ပြီးနောက် ပြန်လွတ်ပေးလိုက်ကြောင်း သိရပါတယ် ။
ဒီဖြစ်ရပ်ကိုလည်း ၎င်းတို့သုံးဦးက ကရင်နီပြည်ရဲတပ်ဖွဲ့ ၊ NUG ဆီကိုတင်ပြထားကြပါတယ်။
KGZ အဖွဲ့က လူအင်အား(၂၀)ဖြင့် ၎င်းတို့သုံးတည်းခိုနေသည့်အိမ်သို့ ရောက်လာကာ ဖမ်းဆီးပြီးနောက် စစ်ဖိနပ်တွေနဲ့ဝိုင်းဝန်းကန်တာ ၊ လက်သီးတွေနဲ့ ထိုးတာ ၊ ဝါရင်းတုတ်တွေနဲ့ရိုက်တာ ၊ ဆေးလိပ်မီးတွေနဲ့ တို့တာတွေ အပြင် သတ်ဖြတ်ပစ်မယ်လို့အကြိမ်ကြိမ်ခြိမ်းခြောက်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့ကို တိုင်ကြားထားတဲ့ စာမှာရေးသားထားပါတယ်။
KGZ ဘက်ကတော့၎င်းတို့ ဖမ်းဆီးတာမှန်ကန်ကြောင်း ၊ သွေးထွက်သံယိုဖြစ်သည်ထိ ရိုက်နိက်မှုတွေမပြုခဲ့ကြောင်း ပြန်လည်ဖြေရှင်းထားကြပါတယ်။
Karenni Generation Z (KGZ) အဖွဲ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ကရင်နီတပ်မတော် KA ရဲ့ အမိန့်ပေးမှုအောက်မှာ ပါဝင်ခြင်းမရှိတဲ့ သီးခြားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီးတော့ မဟာမိတ်ဖွဲ့ထားခြင်းလည်းမရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။