
ဇူလိုင် ၁၂ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ” မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ ၄ လေးဦးကို KIA က ဖမ်းဆီးသွားပြီး ၅ ရက်အကြာမှာ ဇူလိုင်လ (၁၁) မနက်ပိုင်းမှာ ရပ်မိရပ်ဖတွေကို ပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ်။
“ ကိိုဝင်းဇော်ရဲ့မျက်ခွက်ကတော့ နည်းနည်းအထိုးခံထားရတယ်၊ ဓာတ်ပုံမှာကြည့်လိုက် ညိုမဲနေတယ်။ နန့်မီးလောင် ရွာသား ၄ဦးကို ရပ်မိရပ်ဖတွေကနေတစ်ဆင့်ပြန်လည် စေလွှတ်ပြီး လွတ်ပေးလိုက်တယ်”လို့ ဒေသခံတစ်ဦး ပြောပါတယ်။
ရှမ်းနီအကအဖွဲ့ခေါင်းဆောင် ကိုဝင်းဇော် နဲ့ အတူ ကိုမောင်မဲ ၊ ဒေါ်မေအောင် ၊ ဒေါ်ကြည်ကြည်ဝင်းတို့လေးဦးလုံးကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ညနေပိုင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ခေါင်းဆောင်တွေဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်နေ့က ခေါ်ယူမေးမြန်းနေတဲ့ ဆားမှော်ကျေးရွာက ဒေသခံ ၃၀ ဦးကိုလည်း ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
“ ၅၆၅ က ခေါ်ထားတဲ့သူတွေအားလုံးကို ဒီနေ့ (ဇွန်လ ၁၀)ရက်နေ့ ) ညနေ ၅ နာရီမှာအားလုံးကိုလွတ်လိုက်ပါပြီ။ နန့်မီးလောင်အဖွဲ့တွေအားလုံးကိုလည်းလွတ်ဖို့မျှော်လင့်ပါတယ်” လို့ ဆားမှော်ကျေးရွာက ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
အခုလို ပြန်လည်လွတ်မြောက်လာတာဟာ နှစ်ဖက်တပ်တွေကို စစ်တပ် ၊ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေနဲ့ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့တွေရဲ့ ညှိနှိုင်းမှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။
အင်းတော်ကြီးဒေသရဲ့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဦးစိုင်းစိန်လွင်ဦး နဲ့ တခြား ယဉ်ကျေးမှုအဖွဲ့ဝင်တွေကိုလည်း ကိုလည်း KIA တွေက ၂၀၂၅ ခုနှစ် နေအိမ်အတွင်းဖမ်းဆီးမှုတွေရှိခဲ့ပြီး ပြန်လည်လွတ်ပေးခဲ့ပါတယ်။
