ဩဂုတ် ၂၁ ၊ နေပြည်တော်
ဩဂုတ်လ ၂၀ ရက်နေ့က ထုတ်လွင့်ခဲ့သည့် Radio NUG ကို ထောက်ပံ့ကူညီသူများကို အရေးယူမည်ဟု စစ်ကောင်စီက ယနေ့ထုတ် ၎င်းတို့၏ သတင်းစာမှာကြေညာခဲ့သည်။
ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း နဲ့ ထောက်ပံ့ကူညီသူများကို တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု ၎င်းတို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
NUG Radio သည် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်လွင့်သည့် ရေဒီယိုအစီအစဉ်ဖြစ်ပြီး ပြည်သူများနှင့် သတင်းအချက်အလက် အဆက်အသွယ် မပြတ်စေရန်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းဌာနများတွင် ပြောဆိုထားသည်။
ထိုရေဒီယိုကို မနက် (၈) နာရီ နှင့် ည (၈) နာရီအချိန်တွင် လိုင်းတိုမီတာ ၁၆ ၊ ၁၇.၁၀ မီဂါဟက်တွင် ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း NUG ၏ ရေဒီယိုထုတ်လွင့်မည်ဆိုသောကြောင့် စျေးကွက်အတွင်း ရေဒီယိုစျေးနှုန်းမြင့်တက်မှု နှင့် ပစ္စည်းပျက်လပ်မှုအထိရှိလာကြောင်း စျေးကွက်အတွင်းမှ စုံးစမ်းသိရှိရသည်။