အောက်တိုဘာ ၁၀ ၊ လွိုင်တိုင်းလျန်း
လက်ရှိနိုင်ငံရေး ပြဿနာ ၊ စစ်ရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အောက်တိုဘာ ၁၀ ရက်နေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေကနေ အချင်းချင်းကြား ထင်မြင်လွဲမှားမှုလျော့ချရေး၊ ယုံကြည်မှုတည်ဆောက်ရေး ၊နိုင်၍ငံရေးနည်းလမ်းနဲ့ နိိုင်ငံရေးပြဿနာဖြေရှင်းရေးကို ရည်ရွယ်တယ်လို့ ကမ်းလှမ်းစာထဲမှာ ပြောဆိုထားပါတယ်။
တွေ့ဆုံခြင်းကနေလည်း မဟာမိတ်ဖြစ်လာစေနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မှုတွေကြောင့် ကမ်းလှမ်းတာဖြစ်တယ်လို့ဆိုပါတယ်။
ကမ်းလှမ်းမှုက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ကနေ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်အထိ (၃) လတာအတွင်းမှာ ရှမ်းပြည်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။
RCSS/SSA က အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း နှစ်ကြိမ်တိုင် တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။