ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်းကို တောင်ကြီးမြို့မှာ မီးသင်္ဂြိုလ် ပြီးစီးခဲ့

__

နိုဝင်ဘာ ၂၆ ၊ တောင်ကြီး

ရှမ်းနီစော်ဘွားတစ်ဦးဖြစ်တဲ့ ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့မြေးဖြစ်သူ စဝ်ကြည်သိန်း (ခေါ်) ဒေါ်နန်းသိန်းသိန်းကို   တောင်ကြီးမြို့မှာ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ  မီးသင်္ဂြိုလ် ပြီးစီးခဲ့တယ်လို့ ဆွေတော်မျိုးတော်များထံမှ သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကံတော်ကုန်ဆုံးခဲ့တာလည်း ဖြစ်ပြီး သက်တော် ၉၃ နှစ်အရွယ်မှာ  ၉၆ ပါးရောဂါနဲ့ကံတော်ကုန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ လူတွေ တော်တော်လေးများပါတယ်လာကြတာ၊ မေကြီးသိန်းက လူမှုရေးအပေါင်းအသင်း လည်းဆန့်တယ်၊ စော်ဘွားအနွယ်လည်းဖြစ်ပြီး စော်ဘွားသားသမီးတွေ နေတဲ့ ကျောင်းမှာတက်ခဲ့တာဆိုတော့ တောင်ကြီးမှာလည်း မိတ်ဆွေအပေါင်းအသင်းများတယ်၊ နောက်ပြီး ပညာရေးမှာလည်း အလုပ်လုပ်ခဲ့တယ်”  လို့ သူ့မြေးတော်စပ်သူ က ရှမ်းနီအသံကိုပြောပါတယ်။ 

စဝ်ကြည်သိန်းဟာ  ဝန်းသိုစော်ဘွားစဝ်အောင်မြတ်  နဲ့  သောင်သွပ်စော်ဘွား စဝ်သွန် + မဟာဒေဝီနန်းဖွားဆိုင် တို့ရဲ့ မြေးလည်းဖြစ်ပါတယ်။ 

ရှမ်းရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း မီးသဂြိုလ်ခဲ့ပြီး ကျန်ရှိတဲ့အရိုးပြာတွေကို ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ရဲ့ အုတ်ဂူအနီးထားရှိသွားဖို့ မိသားစုတွေက စီစဉ်နေကြတာဖြစ်ပါတယ်။ 

စျာပနပွဲကို ဆွေတော်မျိုးတော်တွေအပြင် လူပေါင်း ၂၀၀ ခန့် လာရောက်ခဲ့ကြပါတယ်။

စဝ်ကြည်သိန်းက တောင်ကြီးမြို့ အ.ထ.က စာသင်ကျောင်းမှာ ရုံးစာရေးအနေနဲ့ နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဖြစ်သူ အမျိုးသားနဲ့ အိမ်ထောင်ကျခဲ့ကာ သားသုံးဦး ထွန်းကားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *