SNLD ပါတီ နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာ ဆာဆာဂါဝါ နှင့် တွေ့ဆုံ

ဝဲမှယာ ( SNLD မှ ဥက္ကဌ ဦးစိုင်းညွှန့်လွင် ၊ မစ္စတာ ဆာဆာကာဂါ ၊​စိုင်းကျော်ညွှန့် )

နိုဝင်ဘာ ၁၆ ၊​ ရန်ကုန် 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ မစ္စတာဆာဆာကာဝါ တို့ ယနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၃) နာခွဲမှာ 

တွေ့ဆုံခဲ့ကြောင်း SNLD က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

တစ်နာရီကြာတွေ့ဆုံပွဲမှာ  SNLD ဥက္ကဌ ဦးစိုင်းညွှန့်လွင် နှင့် တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွှန့်တို့နှင့် တွေ့ဆုံခဲ့ပြီး 

လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှမ်းပြည်ဆိုရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ 

 မစ္စတာ ဆာဆာကာဝါသည် မနေ့က ရခိုင်ပြည်နယ်ရှိ  ရခိုင်နိုင်ငံရေးပါတီများဖြင့်လည်းတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး စစ်ရှောင်စခန်းများဆီကိုလည်း သွားရောက်ခဲ့ကြောင်း သိရသည်။ 

မစ္စတာ ဆာဆာဂါဝါသည် နိုဝင်ဘာလ (၁၁) ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အချိန်အတွင်းတွင် စစ်ကောင်စီနှင့်လည်းတွေ့ဆုံမှုများ ၊​ရခိုင်တပ်တော် (AA) ဖြင့်လည်း အွန်လိုင်းတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *