1971 ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၁ နှစ်ပြည့်အခမ်းအနားကို သူတို့ဌာနချုပ်ဖြစ်တဲ့ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသမှာ ဩဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့အခမ်းအနားပွဲကို နှစ်ငါးဆယ်ပြည့် အထိန်းအမှတ်ကျောက်တိုင်မှာ ပြုလုပ်တာဖြစ်ပြီး SSPP/SSA ဥက္ကဌ စဝ်ပန်ဖ ကိုယ်တိုင်တက်ရောက်ခဲ့သလို နာယကတစ်ဦးဖြစ်တယ် စဝ်ဆေထင်လည်း တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ SSPP/SSA ဥက္ကဌဖြစ်ခဲ့ဖူးတဲ့ စဝ်ဆေထင် ၊ စဝ်ဆိုင်ဆစ် နဲ့ လက်ရှိ ဥက္ကဌ စဝ်ပန်ဖတို့ရဲ့ ရုပ်တုတွေကို ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ SSPP/SSA ရဲ့ သတင်းပြန်ကြားရေးစာမျက်နှာဖြစ်တဲ့ SSPP info က ရေးသားထားပါတယ်။
ဒီနေ့အခမ်းနားပွဲကို SSPP/SSA ရဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ ဒေသခံပြည်သူ နှစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
SSPP/SSA က 1989 ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားခဲ့ပြီး 2016 ခုနှစ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လောလောလတ်လတ်တက်ရောက်ထားတဲ့အဖွဲ့ဖြစ်ပြီး ဒီမိုကရေစိအရေးကိစ္စကိုဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။