ဗန်းမောက်မြို့နယ်ဆေးရုံတွင် ခိုးယူဖျက်ဆီးခံလိုက်ရသည့် ဓာတ်မှန်စက်ကို SNA နဲ့ ဆီလုပ်ငန်းရှင်တွေက စုပေါင်းလှူ

မတ် ၂၁ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံက ဓာတ်မှန်စက်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ခိုးယူဖျက်ဆီးခံလိုက်ရတာကြောင့် SNA တပ်မဟာ ၆၁၄  နဲ့ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 

“ ဓာတ်မှန်စက်က အရင်ကရှိတယ်။ နိုင်ငံရေးခေတ်ပျက်တော့ မူးယစ်ဆေးစွဲတြ့ ဖိုးသမား၊ သူခိုင်းတွေက ဖြုတ်ခိုးကုန်တာ၊ မီးကြိုးတွေကအစပေါ့၊ အခုလိုလှူတာကတော့ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီး အဆင်ပြေစေဖို့ရယ်၊ ရောဂါပိုပြီးရှာဖွေကုသနိုင်ဖို့ပါ့” လို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ 

ဒီဂျစ်ဒယ် X-ray ဓာတ်မှန်စက်ပေးအပ်လှူဒါန်းပွဲကိုတော့ မတ်လ ၂၀ ရက်နေ့က ဗန်းမောက်ပြည်သူ့ဆေးရုံမှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်းကစလို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရပ်နားခဲ့တာ ၂၀၂၄ ခုနှစ် နှစ်လည်အထိဖြစ်ပြီး လက်ရှိမှာတော့ အနည်းငယ်ပြန်လည်              လည်ပတ်နေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *