သမ္မတ ဦးဝင်းမြင့် လွှတ်မြောက်လာမှုကို  အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေက ကြိုဆို 

ဧပြီ ၂၂ ၊ ရန်ကုန် 

၅ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကို နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်မြောက်လာတဲ့အပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂ ၊  ဗြိတိန် နဲ့ ဩစတြေးလျ နိုင်ငံ ၊ နယ်သာလန် စတဲ့ နိုင်ငံတွေက   အသိအမှတ်ပြု ကြိုဆိုကြောင်း ဒီနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

ဗြိိတိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  တခြားသော အကျဉ်းသားတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ထပ်မံတောင်းဆိုတယ်လို့ ဗြိတိသျှသံရုံး (ရန်ကုန်) သံရုံးအကြီးအကဲ Andrew Jackson က ဆိုပါတယ်။ 

ဒီနေ့တစ်ရက်တည်းမှာပဲ  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဦးဝင်းမြင့်နဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မရှင်ဒေဝီ တို့လွတ်မြောက်လာတဲ့အပေါ်မှာ  ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမှာဖြစ်သလို  မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ပြောပါတယ်။

ဗြိတိန်သံရုံးကလည်း အကြမ်းဖက်မှုတွေ ရပ်တန့်‌ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပြည့်အဝရရှိနိုင်‌ရေးနဲ့  အားလုံးပါဝင်တဲ့ ဆွေးနွေးမှုများဖော်ဆောင်နိုင်‌ရေးတွေကို တိုက်တွန်းတယ်လို့ဆိုပါတယ်။

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးနေ့မှာ  သမ္မတ အသစ်ဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က အကျဉ်းသား   ၄၅၀၀ ကျော်ကို လွှတ်ငြိမ်းချမ်းသာပေးခဲ့တဲ့ထဲ သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာတာဖြစ်ပါတယ်။ 

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့လွတ်မြောက်ဖို့အတွက် တက်ကြွလှုပ်ရှားသူတွေက သင်္ကြန်မတိုင်မှီမှာပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

နှစ်သစ်ကူးကာလမှ သမ္မတ ဦးဝင်းမြင့် လွှတ်မြောက်လာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သူမ ကျန်းမာစွာ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့အတွက် “Proof of Life” လှုပ်ရှားမှုကို  ဒီရက်ပိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ​၊ တက်ကြွလှုပ်ရှားသူတွေချက ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *