သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် ဦးမင်းအောင်လှိုင် ဘာတွေပြောဆိုခဲ့သလဲ 

ဧပြီ ၁၀ ၊ နေပြည်တော် 

စစ်ကော်မရှင် ဥက္ကဌ(ဟောင်း) ဦးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ပွဲကို နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ 

သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ၊ ဒု-သမ္မတ (၁) အဖြစ် ဦးညိုစော ၊ ဒု-သမ္မတ (၂) အဖြစ် နန်းနီနီအေးတို့က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ 

သူတို့နဲ့ တစ်ပါတည်း လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဝနပြည်ထောင်စုဝန်ကြီး(၃၀) ဦးဟာလည်း တွေဟာလည်း ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေး၊ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့အတွက် မိန့်ခွန်းတစ်ရပ်ပြောဆိုခဲ့ပါတယ်။ 

အခုဆို ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစနစ်ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမှဦဖြစ်ပါတယ်။ အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာက စောင့်ကြိုနေတာကို ကောင်းစွာသိရှိထားပါတယ်

ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေးကဏ္ဍတွေ ကို သူတို့အစိုးရလုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကိုအဓိကထားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် လူမှုရေး၊ ပြန်လည်သင့်မြတ်ရေးတွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်းစဉ်းစားဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိရေးတို့ကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” လို့သူက ပြောပါတယ်။ 

မနေ့ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေ စတင်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *