
ဇန်နဝါရီ ၅ ၊ မန္တလေး
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပေးမှုတွေဟာ ၁၉ ကြိမ်အထိရှိခဲ့ပြီး အကျဉ်းသား/သူ တစ်သိန်းကျော် ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ (၁၈) ကြိမ်မှာ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သူ (၁၁၂,၉၂၆) ဦးရှိတယ်လို့ ISP Myanamr ရဲ့စာရင်းတွေက ဆိုထားပါတယ်။
မနေ့က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း အကျဉ်းသား/သူ ( ၆၁၃၄) ကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကျန်ရှိသောပြစ်ဒဏ်များအပေါ် (၆ )ပုံ (၁) ပုံကိုလွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား/သူ (၆ )ထောင်ကျော်၊ နိုင်ငံခြားသား အကျဉ်းသား/သူ (၅၂) ဦးကို ပြစ်ဒဏ်လျော့ပေါ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
လွတ်မြောက်သွားတဲ့အကျဉ်းသားများကို စစ်ကော်မရှင်က ယခုပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွင် မဲထည့်ဖို့ကို တိုက်တွန်းထားပါသေးတယ်။
မနေ့က စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေးတဲ့ထဲမှာ သမ္မတဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန် ကြီးဟောင်း ဦးရဲထွဋ်လည်း ပါဝင်လာပါတယ်။
လွတ်မြောက်လာသူအများစုဟာလည်း လောင်းကစားမှု ၊ ခိုးမှုတွေအပြင် တခြားသော ပြစ်ဒဏ်တွေနဲ့ကျခံနေရသူတွေဖြစ်တယ်လို့ သိရပါတယ်။
လွတ်ငြိမ်းသက်သာခွင့်တွေပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်လုံးမှာ နိုင်ငံရေးအကျဉ်းသား တစ်သောင်းခွဲကျော်ပါ ဝင်ပြီး လွတ်ငြိမ်းခွင့်တွေအတွင်း နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ သိရပါတယ်။
