ကချင်ပြည်နယ်ကမြို့အများစုဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုဖြစ်ပေါ်နေ

မိုးညှင်းမြို့ရှိ အင်တာနက်နှင့် ဖုန်းတိုင်များကိုတွေ့ရစဉ် / Photo_ShanNi Voice

မတ်မိုးညှင်း  

ကချင်ပြည်နယ်က မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့အပါအဝင် တခြားသော မြို့နယ်တွေမှာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းတချို့ ပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရပါတယ်။ 

မတ်လ ၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး ဖုန်းအော်ပရေတာတွေဖြစ်တဲ့ အမ်ပီတီ၊ အူရီဒူးနှင့် မိုင်တဲ လိုင်းတွေအားလုံး ပြတ်တောက်သွားတာဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ 

“ ဖုန်းတွေကတော့ အကုန်စက်ပိတ်တယ်၊ တချို့က ဆက်သွယ်မှု ဧရိယာပြင်ပတဲ့၊ လွန်ခဲ့တဲ့ လေးနာရီတုန်းကနေ ပြတ်သွားတာ ဝှေခါကော၊ မိုးညှင်းကတော့ တယ်လီနော(အက်တမ်) ပြန်ရတယ်။ အော်ရီဒူးပြန်ရတယ်” လို့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။ 

အမ်ပီတီ၊ မိုင်တဲ တွေရဲ့ အင်တာနက်နှင့် ဖုန်းလိုင်းတိုင်များအားလုံးပါပျောက်သွားတာဖြစ်ပြီး အခုလိုဖြစ်တဲ့အကြောင်းအရင်းကို မသိကြဘူးလို့ဆိုပါတယ်။ 

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနှင့် KIA+PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း ကချင်ပြည်နယ်အတွင်းက မြို့တွေမှာ  စစ်ကိုင်းတိုင်း ကောလင်း၊ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဖုန်းနှင့် အင်တာနက်ဖိုက်ဘာကြိုးများ ထိခိုက်ပျက်စီးမှုကြောင့် တစ်လနီးပါးကြား လိုင်းပျက်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *