ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား ရေးရာလွှတ်တော် မဲရလဒ်များ

နိုဝင်ဘာ ၁၅ ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော် မဲရလဒ်များအရ မဲဆန္ဒမပေးသူ ခြောက်သောင်းကျော်ရှိပြီး ပယ်မဲ လေးထောင်ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

ကချင်ပြည်နယ်၏ ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးစိုင်းစိန်လင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ်သည်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းနိုင်ငံရေးပါတီ (၃) ခု ၊ ပြည်မပါတီ (၂) ခုနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ နှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားရေးဝန်ကြီး (၃) နေရာစလုံးတွင် လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *