တိုင်းရင်းသားများ နေထိုင်ရာဒေသအများဆုံး ကိုထည့်သွင်းသတ်မှတ်ပေးခဲ့မှုများကြောင့် ပြည်နယ်အမည်အား ပြန်လည်သတ်မှတ်ပေးရန်အတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအဆိုပါ သဘောထားကြေညာချက်ကို ဇန်နဝါရီလ (၉) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။
“ ငါတို့ ရှမ်းမြို့ရှမ်းရွာတွေကို ကချင်ပြည်နယ်ထဲ သွပ်သွင်းခံရတော့ ငါတို့ကလည်း အစကတည်းက မကြိုက်ဘူး၊ အစိုးရက လုပ်ထားတဲ့ဟာဆိုတော့ ၊ သူတို့ ကချင်မှာလည်း ဂျိမ်းဖောပြည်နယ် ၊ ကချင်ပြည်နယ်ဆိုပြီး အငြင်းပွားနေတာတွေရှိတယ် ၊ ငါတို့လည်း ငါတို့ရဲ့ သဘောထားတွေကို ဖော်ထုတ်တာ ” ဟု ရှမ်းမျိုးနွယ်စုရေးရာမှ ဥက္ကဌ ဦးစိုင်းစန်းဝေက ပြောသည်။
ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်အဖြစ်သတ်မှတ်ထားပြီး ယခုနှစ်လျှင် (၇၂) ရှိပြီဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် ဗန်းမော်ခရိုင် ၊ ကသာခရိုင် ၊ ပူတာအိုခရိုင်တို့အား ၁၉၄၈ ခုနှစ်တွင် ကချင်ပြည်နယ်ထဲသို့ သွပ်သွင်းသတ်မှတ်ခဲ့ကြောင်း ၊ ထိုဒေသများသည် ရှမ်းတိုင်းရင်းသားများ အများဆုံးနေ ထိုင်သည့် နယ်မြေဒေသများလည်း ဖြစ်သည်ဟု ရေးသားထားသည်။
ထိုသို့သွပ်သွင်းလိုက်မှုများကြောင့် ရှမ်းတိုင်းရင်းသားများမှာ တိုင်းရင်းသားလူမျိုးစုတစ်ခု၏ ရပိုင်ခွင့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ရသည်ဟု ရှမ်းနီတိုင်းရင်းသားများက ပြောဆိုကြသည်။