
ဧပြီ ၁၁ ၊ ကန့်ပလူ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပဇီကြီးကျေးရွာမှာ ပအဖရုံးဖွင့်ပွဲပြုလုပ်နေစဉ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ပြီး ထိခိုက်သူ ၅၀ ခန်ရှိပြီး ယနေ့နေ့လည် ၁ နာရီဝန်ကျင်းမှာ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်မှာ ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ Mi35 လေယာဉ်နဲ့ ဂျက်ဖိုက်တာတစ်စီးတို့ လာရောက်ပြီး ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဗုံးကျဲတိုက်ခိုက်မှုနဲ့ လေယာဉ်ကနေ ပစ်ခတ်မှုကြောင့် အဆောက်အဦးတစ်ခုလုံး ပျက်စီးသွားသလို ကလေးငယ်၊ အမျိုးသမီးအပါအဝင် အရပ်သားအများအပြားလည်း သေဆုံးခဲ့တယ်လို့ မြေပြင်အဖွဲ့တွေက သတင်းထုတ်ပြန်ထားကြပါတယ်။
NUG ကလည်းအခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ပိုအားထုတ်သွားမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာလည်း ဖားကန့်မြို့နယ် အနန့်ပါဒေသမှာ KIA/KIO ရဲ့ ၆၂ နှစ်ပြည့် ဖျော်ဖြေပွဲတစ်ခု လေကြောင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး အရပ်သားအပါအဝင် ၆၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကန့်ပလူမြို့နယ် ပဇီကြီးကျေးရွာဟာ အိမ်ခြေ နှစ်ရာ့သုံးဆယ်ကျော်ရှိပြီး လူဦးရေတစ်ထောင်ကျော်နေထိုင်တဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။