ကမ္ဘာတစ်ဝှမ်းတွင်မျောက်ကျောက်ရောဂါဖြစ်ပွားမှု၂၀၀ကျော်ရှိနေတယ်လို့  အီးယူအေဂျင်စီဆို

မေ၂၇၊

ကမ္ဘာတစ်ဝှမ်းမှာမျောက်ကျောက်ရောဂါဖြစ်ပွားမှုအရေအတွက်က   ၂၁၉ဦးအထိရောက်ရှိခဲ့ကြောင်းဥရောပသမဂ္ဂရောဂါအေဂျင်စီမှထုတ်ပြန်သောနောက်ဆုံးသတင်းတစ်ရပ်အရသိရပါတယ်လို့ CNA သတင်းဌာနကရေးသားပါတယ်။ 

ဥရောပမှာ အများအားဖြင့် မျောက်ကျောက်ရောဂါက  ပုံမှန်မဟုတ်တဲ့ နိုင်ငံတစ်ဒါဇင်ကျော်မှာ  အနည်းဆုံး အတည်ပြုလူနာတစ်ဦးကို အစီရင်ခံခဲ့ကြောင်း ဥရောပရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (ECDC) မှ ဗုဒ္ဓဟူးနေ့ (မေလ ၂၅ ရက်) ညက ထုတ်ပြန်သော ကူးစက်ရောဂါဆိုင်ရာ မှတ်စုတွင် ပြောကြားခဲ့ပါတယ်။ 

ဖြစ်ရပ်အများစုက အမျိုးသားများတွေမှာဖြစ်ပြီး ၊ လိင်တူဆက်ဆံတဲ့ အမျိုးသားများအဖြစ်တယ်လို့လည်းသိရပါတယ်။ 

မေလအစောပိုင်းမှာ မျောက်ကျောက်၏ပုံမှန်မဟုတ်သောအသွင်အပြင်ကို ပထမဆုံးတွေ့ရှိခဲ့တဲ့  အင်္ဂလန်နိုင်ငံမှာ  လက်ရှိ အတည်ပြုလူနာအများဆုံးဖြစ်သည့် ၇၈ ဦးရှိနေပါတယ်။ အဲ့ဒီနောက်မှာ စပိန်မှာ ၅၁ ဦး နဲ့ ပေါ်တူဂီက ၃၇ ဦးထိရှိနေတာလည်းဖြစ်ပါတယ်။ 

Monekypox ရောဂါက ၁၉၇၀ ကျော်ဝန်းကျင်ကတည်းက ရှိလာခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဒီနေ့အချိန်ထိ နောက်ဆုံးသိရတဲ့ သတင်းအချက်အလက်အရ  226 ဦးထိရှိပြီး ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံမှာဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ 

ဒီရောဂါက မျောက်ကနေ တဆင့်လူတွေဆီကို ကူးစက်တာဖြစ်ပြီး လူအချင်းချင်းထိတွေ့ဆက်ဆံတာ ၊ လေထဲကနေ ကူးစက်တာတွေအပြင် လက်ရှိမှာ လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်တယ်လို့လည်း သိရပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *