ကယန်းသာယာ ဘက်မှ ထီတရိကျေးရွာ ကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရင်း လွိုင်ကော်PDF မှာရဲဘော်တစ်ဦးကျဆုံး 

မတ် ၁၄  ၊​ လွိုင်ကော် 

ဒီနေ့မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ  လွိုင်ကော်မြို့နယ် ကယန်းသာယာဘက်ကနေ ထီတရိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

ဒီတိုက်ပွဲမှာ လွိုင်ကော် PDF. နဲ့ KNDF တို့က ပြောက်ကျားပစ်ခတ်ရင်း လွိုင်ကော် PDF က ရဲဘော်မျိုးအောင် ခေါ်တဲ့ ပေါလူက ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီတိုက်ပွဲက မတ်လ ၁၁ ရက်နေ့ကတည်းက   လင်ဖုံလမ်းခွဲက စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နဲ့ KNDF တို့သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၇ ဦးနီးပါး ကျဆုံးခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ 

လွိုင်ကော် PDF က ဒီးမောဆိုတိုက်ပွဲတွေမှာလည်း နေ့စဉ်ပါဝင်နေသလို တခြားဒေသ စစ်မျက်နှာပြင်တွေမှာလည်း ပါဝင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *