
ဒီဇင်ဘာ ၁ ၊ ကသာ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့နယ်အတွင်းကို စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့်တစ်ခု ဒီဇင်ဘာ (၁) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဌာနဆိုင်ရာအဆောက်အဦးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကို လက်လှုပ်မိုင်းတွေနဲ့ မကြာခဏ ဖောက်ခွဲမှုပြုလုပ်ခံနေရပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး စိုးရိမ်ဖွယ်ရှိနေတောကြောင့် လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
လမ်းကြီးတွေ၊ အများပြည်သူသွားလာတဲ့နေရာနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ည (၈) နာရီမှ မနက် (၄) နာရီအထိ လူ(၅) ဦးနဲ့ (၅)ဦးအထက် မစုဝေးရတဲ့အပြင် ညမထွက်ရအမိန့်ကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
ဒီအမိန့်ကို နောက်ထပ် အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း အတည်ဖြစ်နေမယ်လို့လည်း ထုတ်ပြန်ထားတဲ့စာအရ သိရပါတယ်။
ကသာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကို စက်တင်ဘာ ၁၆ ရက်နောက်ဆုံးထားပြီး CDM လုပ်ကြဖို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပေမယ့် CDM မပြုလုပ်ကြတဲ့ ဝန်ထမ်းများစွာရှိနေဆဲဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် မြို့နယ်အားလုံးကို ညမထွက်ရအမိန့်တွေထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ တချို့မြို့နယ်တွေကို ပြန်ရှုပ်သိမ်းပေးခဲ့ပါတယ်။