ကသာမြို့ဧရာဝတီမြစ်အတွင်းကစစ်ရေယာဉ်ကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်

နိုဝင်ဘာ ၈ ၊ ကသာ

ကသာမြို့နယ် တိုက်ကုန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်းက စစ်ရေယာဉ်ကို Katha Drone Team (KDT) အဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွှေကူမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဉ်အုပ်စု ၆ စီးထဲက တစ်စီးကို တိုက်ကုန်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

အောက်တိုဘာလကုန်ပိုင်းမှာ စစ်ရေယာဉ်တွေကို မြစ်ကြောင်းအတိုင်းဆန်တက်သွားတဲ့အခါ ခေါင်မိုးပေါ်မှာ စက်သေနတ်တွေတပ်ဆင်သွားကြပြီး အပြန်စုန်ဆင်းလာတဲ့အခါမှာ စက်သေနတ်မပါတော့တာကြောင့် ရေယာဉ်ပေါ်ကိုပဲ ပစ်ချလိုက်ရတာလို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။ 

ပစ်ခတ်ပြီးနောက်ပိုင်း အထိအခိုက်ကိုတော့ မသိရပေမယ့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ကသာပကဖ ထုတ်ပြန်ပါတယ်။ 

ရေယာဥ်လုံခြုံရေအတွက် ကုန်းပေါ်မှ နေတဲ့စခတွေဟာ ဆင်ကုန်တိုင်ကျေးရွာ၊ မိုးတားလေးကျေးရွာ၊ခတက်ချောင်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ပေါမမြိုင်ကျေးရွာနှင့် ပုလွှေရွှေကျေးရွာတွေမှာ  တပ်ဖြန့်ထားခဲ့တယ်လို့လည်း ထုတ်ပြန်မှုမှာ ပါရှိပါတယ်။ 

ဧရာဝတီမြစ်ကြောင်းကို စုန်ဆန်တက်နေတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်တွေကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မြို့လှ PDF. အဖွဲ့တွေက ပစ်ခတ်မှုမကြာခဏပြုလုပ်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *