ကသာ PDF နှင့် KIA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ် ၁၈၀ နီးပါးကျဆုံး ဟုဆို

ဇူလိုင် ၁၀ ၊ ကသာ

ကသာ PDF နင့် KIA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါးကျဆုံးခဲ့သည်ဟု ကသာ KPDP က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့၏ ယာယီအခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်မှုကြောင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်မ (၈၈) ၊ တပ်ရင်း ၃၀၄ , ၃၀၉ တို့နှင့် တိုက်ပွဲ ၄ ရက်တာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် ခြေလျှင်တိုက်ပွဲများအပြင် စစ်ကောင်စီဘက်က ရေကြောင်းများဖြင့်လည်း လာရောက်ခဲ့မှုကြောင့် မိုင်းခွဲတိုက်ခိုက်မှုများ ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် ပစ်ကူမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

KPDF အနေဖြင့် ၃ ဦးကျဆုံးပြီး ၃ ဦး ဆက်သွယ်၍မရသေးကြောင်းလည်း ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *