ကာမိုင်းမြို့က စစ်ကောင်စီရဲ (၆) ဦးဖမ်းဆီးခံရ

ကာမိုင်းမြို့အဝင်တစ်နေရာ Photo/ ကာမိုင်းမြို့စာကြည့်တိုက် facebook

ဇူလိုင် ၆ ၊​ကာမိုင်း 

ကာမိုင်းမြို့ကနေ ဖားကန့်မြို့ကို ရာထူးတိုးနဲ့သွား ရဲ (၆) ဦးကို ဇူလိုင်လ (၅) ရက်နေ့ လမ်းခုလပ်မှာ KIA နဲ့  ဒေသခံကာကွယ်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

” သူတို့ (၆) ယောက်က ရာထူးတိုးနဲ့သွားတာ ၊ ကားကို အော်ဒါအပြတ်ငှားသွားတာ ၊ ကားသမား ဦးစိုး သူက ကားမောင်းတာ ၁၀ နှစ်လောက်ရှိပြီ ။ အခုက သူလည်းပါသွားတာ သတင်းအစနဘာတောင်မရသေးဘူး။ ” လို့ ကာမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

ရဲတွေစီးသွားတဲ့ကားက အိမ်စီးကားဖြစ်ပြီး ယာဉ်မောင်းကလည်း ကာမိုင်းနဲ့ ဖားကန့်ကိုအမြဲမောင်းနေကျ ကားသမားဖြစ်တယ်လို့ဆိုပါတယ်။ 

လက်ရှိမှာ အဲ့ဒီကားသမားလည်းဖမ်းဆီးခံထားရပြီး သူ့ကိုတော့ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်နေတယ်လို့ သူ့မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *