ကာမိုင်းမြို့ကိုဗဟိုပြုပြီးအင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့

ဧပြီ ၂၉ ၊ ကာမိုင်း

ကာမိုင်းမြို့ကိုဗဟိုပြုပြီး  ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်တွေမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ယနေ့ဧပြီလ (၂၉)ရက် မနက် (၃)နာရီ (၁၅)မိနစ်အချိန်မှာ လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒသညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။

 ” ဘာမှတော့မပျက်စီးသွားပါဘူး အကြာရီးတော့မဟုတ်ဘူး ခနလေးပဲ ပြောရရင်သုံးစက္ကန့်လောက်ပဲ ကြမ်းတော့ကြမ်းတယ် အေ့အချိန်လိုင်းသုံးနေတာ ‘ဝရုန်း’ဆိုတော့ ဘာဖြစ်တာလဲဆိုပြီး မိုင်းခွဲတယ်ထင်နေတာ” ဟု ဖားကန့်မြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပြပါတယ်။

   အဲ့ဒီမြေငလျင်က ဖားကန့်မြို့နယ်အတွင်းရှိ နေရာတော်တော်များအပါအဝင် မိုးကောင်းမြို့နယ်က နေရာအချို့တွေမှာလည်း လှုပ်ခတ်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

     မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၃)မိုင်ခန့်ကွာဝေးတဲ့  ကာမိုင်းမြို့ရဲ့ အရှေ့ဘက်တစ်မိုင်ခန့်အကွာကိုဗဟိုပြုပြီး  အင်အားရ(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော  မြေငလျင်ဖြစ်တယ်လို့ မိုးဇလက ပြောဆိုထားတာပါ။ 

  ” အရှေ့ဘက်တစ်မိုင်ကျော်အကွာဆိုရင် ကျွန်တော်တို့ဒီဦးကြီးတော်တောင် အေ့နားတစ်ကျောညားမှာပါ့ ဟုတ်တယ်ကြမ်းတာတော့ကြမ်းတယ်” လို့ ကာမိုင်းမြို့အနီးနေထိုင်သူတစ်ဦးကလည်း အခုလို ဖြေကြားထားပါတယ်။ 

   ငလျင်လှုပ်ခတ်သွားမှုက သုံးစက္ကန့်ခန့်သာ ကြာမြင့်သွားပြီး ထိခိုက်ပျက်စီးမှုများကတော့ မရှိဘူးဟု သိရပါတယ်။ 

   ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇွန်လအစမှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသကိုဗဟိုပြုပြီး ရစ်ချတာစေကး (၅.၉)အဆင့်ရှိ အားအသင့်အတင့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် ဒေသတွင်းပျက်စီးထိခိုက်မှုအများအပြား ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *