ကာမိုင်းမြို့တွင်ပြည်သူ့စစ်ရှိသည့်နေရာ  Drop ဗုံးဖြင့်တိုက်ခိုက်ခံ​ရ

စက်တင်ဘာ ၂၁ ၊ ကာမိုင်း 

ကာမိုင်းမြို့တွင် ပြည်သူ့စစ်များ တပ်စွဲထားသည့်   ကောင်ရာရပ်ကွက်ရှိ နတ်ကျော့ခန်းမဆောင်ကို PDF တွေက ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးကျဲချတိုက်ခိုက်မှုတစ်ခု စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ 

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ကာမိုင်းမြို့ ရပ်မိရပ်ဖတစ်ဦး ကပြောပြပါတယ်။ 

“ Drop ဗုံးနဲ့ လာလုပ်ပြီးမှ  ပြန်ဆုတ်သွားတယ်။ ၁၂ နာရီပတ်ဝန်းကျင်လောက်မှာပါ။ အထိအခိုက်တော့ တစ်ယောက်မှမရှိပါဘူး၊ သူတို့ လာချတာဆိုတာကလည်း ခြိမ်းခြောက်တဲ့ သဘောပါ”  လို့  ၎င်းက ဆိုပါတယ်။ 

ကာမိုင်းမြို့မှာ ယခုနှစ်အတွင်း  ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှု နှစ်ကြိမ်ရှိခဲ့ပြီပြီး ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

စက်တင်ဘာလ ၂၀ ရက်နေ့ ညမှာပဲ  ကာမိုင်း-လဝါးလမ်း ပေ ၉၀၀ တံတားအနီးမှာ ကာမိုင်းပြည်သူ့စစ်တွေစီးသွားတဲ့ ကားကို KIA+PDF က တားဆီးစဉ် ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

လဝါးလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ပြည်သူ့စစ်နှင့် KIA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတစ်နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *