ကုလသမဂ္ဂအထွေထွညီလာခံမှ တွေ့ရတဲ့ ဦးကျော်မိုးထွန်း

စက်တင်ဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ရသည့် ဦးကျော်မိုးထွန်း

စက်တင်ဘာ ၁၅ ၊​  နယူးယောက် 

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထိုအစည်းအဝေးပွဲများကို တက်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး က သတင်းထုတ်ပြန်ထားပါတယ်။​

၎င်းကို စစ်ကောင်စီက ထုတ်ပယ်ထားပြီး NUG က ၎င်းကိုဆက်လက်ထားရှိဖို့ ပြောဆိုထားပါတယ်။ 

ဒီညီလာခံကနေ စစ်ကောင်စီက အသစ်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ကိုလည်း ခန့်အပ်ခြင်းမရှိသလို ၊  NUG က တင်သွင်းတဲ့ ကိုယ်စားလှယ်ကို အတည်ပြုတာမျိုး မရှိခဲ့ပါဘူး ။

ကုလသမဂ္ဂမှာ ကိုယ်စားလှယ်စိစစ်ရွေးချယ်ဖို့ အထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။​

ထိုကော်မတီမှာ အမေရိကန် ​၊ တရုတ် ၊ ရုရှား ၊​ ဆွိဒင် ၊ ဘဟားမား ၊ ဘူတန် ၊ ချီလီ ၊ ဆီရာလွန် ၊ နမီးဘီးယား စတဲ့ (၉) နိုင်ငံကပါဝင်ပါတယ်။​

စစ်ကောင်စီက အဆိုတင်သွင်းထားတဲ့ ကိုယ်စားလှယ်ကို မခန့်အပ်ဖို့ တရုတ် နဲ့ အမေရိကန် တို့သဘောတူထားတယ်လို့ Forgein Policy Magazine က ရေးသားထားပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *