ကုလအထူးကိုယ်စားလှယ်က “အာဏာခွဲဝေရေးပြုလုပ်ဖို့ “ အကြံပြုခဲ့ခြင်းမရှိလို့ပြန်ရှင်း 

ဖေဖော်ဝါရီ ၃ ၊ ရန်ကုန်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက နဲ့ Channel News Asia  သတင်းဌာန အင်တာဗျူးမှာ  “စစ်တပ်နဲ့ အာဏာခွဲဝေမှုဆိုတဲ့ “ စကားလုံးကို ပြောဆိုသုံးနှုန်းခဲ့ခြင်းမရှိကြောင်း မနေ့ညက အထူးကိုယ်စားလှယ်ရုံးက  ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Channel News Asia နဲ့က ဖော်ပြမှုတွေကလည်း မှားယွင်းစာဖော်ပြခြင်းသာဖြစ်ကြောင်း နဲ့ မြန်မာ့အရေးကို ဖြေရှင်းရာမှာလည်း အာဏာခွဲဝေရေး ကို နည်းလမ်းတစ်ခုအနေနဲ့ အကြံပြုခဲ့ခြင်းမရှိကြောင်းကို ရှင်းလင်းပြောဆိုခဲ့ထားပါတယ်။ 

သူ့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်လိုပဲ ပြည်သူတွေရဲ့ဆန္ဒနဲ့လိုအပ်ချက်တွေကို ရောင်ပြန်ဟပ်နေတဲ့  မြန်မာပြည်သူလူထု‌ဦးဆောင်တဲ့ အများပါ၀င်တဲ့လုပ်ငန်းစဉ်ကိုသာ တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့တယ်လို့ တုန့်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ ထိုအင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ Power Sharing – အာဏာခွဲဝေမှု နဲ့  စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီ ဆိုတဲ့ စကားရပ်ကိုလည်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၄၇ ခုက ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *