ကုသဆေးနှင့်ကာကွယ်ဆေးမရှိသေးသည့်နီပါးရားဗိုင်းရပ်အကြောင်းသိထားသင့်သည်များ

NIPAH ဗိုင်းရပ်စ်ဆိုတာဘာလဲ။

နီပါးရား ဗိုင်းရပ်ဟာ  တိရစ္ဆာန်များမှ လူသို့ ကူးစက်နိုင်တဲ့  ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ညစ်ညမ်းသော အစားအစာများမှတစ်ဆင့် သို့မဟုတ် လူအချင်းချင်းလည်း တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ လူသားတွေအတွက် ပြင်းထန်တဲ့ ရောဂါကိုဖြစ်ပေါ်စေနိုင်တာပါ။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သစ်သီးစားလင်းနို့များတွေဟာ  Nipah ဗိုင်းရပ်စ်တွေရဲ့ မူလအစလို့ဆိုကြသည်။

ပီတာရိုပိုဒီတယ် မျိုးရိုးဝင်တဲ့ သစ်သီးစားလင်းနို့တွေဟာ နီပါးရားဗိုင်းရပ်တွေအတွက် တည်မှီရာလည်းဖြစ်ပါတယ်။ 

Nipah ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း ၄၀ မှ ၇၅ ရာခိုင်နှုန်းခန့်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာမှ ဦးနှောက်ရောင်ရမ်းခြင်းအထိ ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ 

ရောဂါလက္ခဏာတွေဟာ  ရုတ်တရက် တုပ်ကွေးတွေလိုမျိုး ဖျားနာတာ ၊ ခေါင်းကိုက်တာနှင့် ဖျားနာတာတွေ စတင်လေ့ရှိပါတယ်။ 

လူအများစုဟာ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ 

အဆုတ်ရောင်ရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

အပြင်းထန်ဆုံးနောက်ဆက်တွဲပြဿနာမှာ ဦးနှောက်ရောင်ရမ်းခြင်း (ဦးနှောက်ရောင်ရမ်းခြင်း) သို့မဟုတ် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပြီး UK ကျန်းမာရေးလုံခြုံရေးအေဂျင်စီ၏ အဆိုအရ ရောဂါစတင်ဖြစ်ပွားပြီး သုံးရက်မှ ၂၁ ရက်အတွင်း ဖြစ်ပွားလေ့ရှိတယ်လို့ဆိုပါတယ်။ 

” Nipah ကူးစက်မှု၏ အထင်ရှားဆုံးလက္ခဏာဟာ သေဆုံးမှုနှုန်း အလွန်မြင့်မားခြင်းနှင့် ဆက်စပ်နေတယ်”  ဟု UK အေဂျင်စီက ပြောကြားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူအချို့ဟာ တက်ခြင်းကဲ့သို့သော အာရုံကြောဆိုင်ရာပြဿနာများကို ခံစားရနိုင်တယ်လို့ဆိုပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နီပါးဗိုင်းရပ်စ်၏ သေဆုံးမှုနှုန်းကို ၄၀% မှ ၇၅% အထိ ခန့်မှန်းထားပြီး ကပ်ရောဂါတစ်ခု ဖြစ်ပွားစေနိုင်သောကြောင့် ဦးစားပေး ရောဂါပိုးအဖြစ် အဆင့်သတ်မှတ်ထားပါတယ်။ 

Nipah ဗိုင်းရပ်စ်၏ ပထမဆုံးလူသားကူးစက်မှုများကို (၁၉၉၈) ခုနှစ် စက်တင်ဘာလမှ (၁၉၉၉ )ခုနှစ် ဇွန်လအတွင်း မလေးရှားနှင့် စင်ကာပူတို့မှာ ဖော်ထုတ်တွေ့ရှိခဲဲ့ပါတယ်။ 

ဘယ်လိုကာကွယ်ကြမလဲ 

WHO ရဲ့ လမ်းညွှန်မှုအရ 

လင်းနို့တွေ တစ်စိတ်တစ်ပိုင်းစားထား၊ကိုက်ထားတာတွေရှိတဲ့ သစ်သီးတွေကိုရှောင်ပါ။ 

ထန်းပင်မှ ကျသော ပင်ကျထန်းရည်တွေကို မကျိုချက်ဘဲ သောက်သုံးမှုတွေကိုရှောင်ပါ။ 

လက်ကို ဆပ်ပြာ၊ သန့်ရှင်းသည့်ရေနှင့် မကြာခဏဆေးကြောပါ။

Leave a Reply

Your email address will not be published. Required fields are marked *