ဩဂုတ် ၁၈ ၊ ကောလင်း
ကောလင်းမြို့ပေါ်ရပ်ကွက် (၈)ခုကို ဩဂုတ်လ (၁၁) ရက်မှစပြီး (၂၄) ရက်နေ့အထိ သွားလာခွင့်ကို နံနက် ၄ နာရီ မှ ၁၂ နာရီအထိသာ ခွင့်ပြုထားပြီး ကျန်သည့်အချိန်များကို သွားလာခွင့် ကန့်သတ်ထားကြောင်းသိရသည်။
ကောလင်းမြို့ကို တစ်ရက် (၈)နာရီသာ ဝင်ထွက်သွားလာခွင့်ပြုထားပြီး ကျန်သည့်အချိန်များတွင် ကျန်းမာရေးကိစ္စနှင့် အသုဘကိစ္စရပ်များအတွက်သာ ခွင့်ပြုကြောင်း ဒေသခံများကပြောသည်။
သွားလာခွင့်ကန့်သတ်ထားသည့်အချိန်တွင် သွားလာသူများကိုအရေးယူရန်အတွက် စစ်ကောင်စီတပ်များကို အစောင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။
ကောလင်းမြို့ထွေအုပ်က ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာတွင် သွားလာကန့်သတ်မှုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဟု ဆိုထားသည်။