ကောလင်းမြို့မှာကျွဲ၊နွားအရေပြားရောဂါကျရောက်နေတာကြောင့်သတ်ဖြတ်ရောင်းချမှုပိတ်ပင်

အောက်တိုဘာ ၁၃ ၊ ကောလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  ကောလင်းမြို့နယ်တွင်းရှိ ကျွဲနွားတွေက  အရေပြား အကျိတ်ဖုနာရောဂါဖြစ်ပွားနေမှုကြောင့် ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေရတယ်လို့  NUG ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့  က အောက်တိုဘာလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။

ကျွဲနွားများကို သတ်ဖြတ်ရောင်းချခြင်းတွေကို ရက်အကန့်သတ်မရှိ ယာယီရပ်ဆိုင်းထားမှာလို့ မြို့နယ် ပအဖ အဖွဲ့က ဆိုထားပါတယ်။ 

ကောလင်းမြို့နယ်အတွင်းရှိ ကျွဲနွားတွေက (Lumpy Skin Disease) ဆိုတဲ့ ရေပြားအကျိတ်အဖုနာရောဂါဖြစ်ပွားနေပြီး ကွင်းဆင်းစစ်ဆေးချက်များအရ အရောဂါလက္ခဏာတွေတွေ့ရှိနေရတာကြောင့်  ကျွဲနွားများ သယ်ယူပို့ဆောင်ဖြတ်သန်းခြင်းတွေ မလုပ်ဖို့ သတိပေးထားတာပါ။ 

ဒီရောဂါပြန်လည်ငြိမ်သက်သာသွားမှသာ ပြန်လည်ခွင့်ပြုသွားလာရမှာဖြစ်သလို ထုတ်ပြန်သတိပေးချက်တွေကို မလိုက်နာသူများကို အရေးယူသွားမယ်လို့လည်း  တပါတည်းထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်းထက်ပိုင်းရှိ ကျွဲနွားများကို ခိုင်းစေရန်တွက်နှင့် ပြည်တွင်းစားသုံးရန်အပြင် အိန္ဒိယနယ်စပ် မိုးရေလ်မြို့နယ်နဲ့  တရုတ်နိုင်ငံ ပို့ဆောင်ရောင်းချနေကြတာလည်းဖြစ်ပါတယ်။ 

ကောလင်းမြို့နယ်အတွင်းမှာ နွားအကောင်ရေ ၈ သောင်း နဲ့ ကျွဲအကောင်ရေ သုံးသောင်းကျော်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်တွေအရသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *