
ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာနယ်မြေတွင် ပင်လည်ဘူးနယ်မှ ဖရဲခင်းသွားရောက်လုပ်ကိုင်သူ လေး ဦးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က လိုင်ဇာအနီးရှိ ကျောင်းသားတပ်မတော် တပ်ရင်း(၁၁) မှ လာရောက်ဖမ်း ဆီးသွားခဲ့ပြီး မနေ့ကပြန်လည်လွတ်ပေးခဲ့ကြောင်း လွတ်မြောက်လာရေးအတွက် ကူညီပေးသူ ဦီးစိုင်းကျော်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများသည် ပင်လည်ဘူးမြို့နယ်မှ တောပြားကျေးရွာမှ မခင်နှောင်းနှင့် ၊ ပိန္နဲကုန်းနားခါးကျေးရွာ မှမောင်ထွန်းမြိုင်ဦး နှင့် နောက်တစ် မိန်းကလေးတစ်ယောက်နှင့် ယောကျာ်းလေးတစ်ယောက် တို့ဖြစ်သည်။
“ ရှမ်းရေးရာအဖွဲ့ကိုလည်း ကျွန်တော်ကိုယ်တိုင်သူတို့မိဘနဲ့အတူ ကူညီပေးဖို့အချက်အလက်တွေ သွားပေးတယ်၊ ပြီးတော့မှ ကိုမျိုးဆွေ အတွင်းရေးမှူးပေါ့လေ၊ သူ့ကိုလည်းအကူအညီသွားတောင်းတယ်၊ ပြီးတော့ မှ စအဖရုံးကိုသွားပြောတယ် သူ့မိဘတွေနဲ့ အကူအညီပေးဖို့ သူတို့ဘက်ကလည်း လေးငါရောက်လောက်စောင့် ပေးကူညီပေးမယ်ပြောတယ် ငါးရက်မြောက်တဲ့နေမှာပဲ ပြန်လာပြီဆိုတဲ့အကြောင်းကို အကြောင်းကြားခဲ့တယ်” ဟု ဦီးစိုင်းကျော်ဦးကဆိုသည်။
၎င်းဖမ်းဆီးခံထားရသူများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းက ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ရွာအရောက် တာဝန်ကျ တပ်မတော်မှ အရာရှိနှင့် ဖရဲခင်းပိုင်ရှင် တရုတ်လူမျိုးတို့က လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း၎င်းကဆိုသည်။
ကျောင်းသားတပ်မတော်သည် ကချင်ပြည်နယ်ထဲတွင် လိုင်ဇာအနီးတွင် တပ်ရင်း(၁၁) တစ်ခု တည်းသာရှိကြောင်းသိရသည်။