အင်းတော်ကြီးဘုရားတွင် ဘုရားဖူးခရီးသွားများပုံမှန်ရှိနေဆဲဟုဆို

Covid-19 ရောဂါပိုးကူးစက်မှုခံရမှု မြန်မာနိုင်ငံတွင်စတင်ရှိလာသော်လည်း အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားသို့ ဘုရားဖူးခရီးသွားများပုံမှန်ရှိနေဆဲ ဟု ဘုရားဂေါပကထံမှ သိရသည်။


“ ဘုရားမှာတော့ မနေ့တုန်းက ၁၂ နာရီနောက်ပိုင်းဆိုရင် တိတ်သွားတယ်၊ ဒီနေ့ကတော့ပုံမှန်အနေအ ထားမှာရှိနေတယ်။ မနက် (၇)နာရီ (၈)နာရီအထိပေါ့လေ ။ အခုနေ့လည်တော့ပုံမှန်အထားပါပဲ” ဟု ဘုရားဂေါပက ဦးသောင်းညွှန့်ကပြောသည်။ 


မတ်လ ၂၃ ရက်နေ့ညသန်းခေါင်တွင် ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂)ဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 


အင်းတော်ကြီးဘုရားကို တစ်ရက်လျှင် ပျှမ်းမျှလူဦးရေ တစ်ရာကျော် နှစ်ရာဝန်းကျင်ခန့်လာရောက်ဖူး မျှော်ကြသည်။


လက်ရှိဖြစ်ပွားနေသည့် ရောဂါကာကွယ်ရေးအတွက်လည်း လက်ဆေးကန်များကို လွန်ခဲ့သည့်ဘုရား ပွဲရာသီကတည်းကစ ယခုအချိန်ထိ ထားရှိထားပြီး ထပ်မံတိုးချဲ့ထားရှိရန်လည်း ပြင်ဆင်နေကြောင်း ၎င်းကဆို သည်။ 


မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယနေ့ မတ်လ ၂၅ ရက်နေ့ထိ (၃) ဦးထိရှိလာပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *