ဇန်နဝါရီ ၉ ၊ ခန္တီး
ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် လူတစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရပါတယ်။
“သေတာတော့မကြားဘူး ၊ ယမ်းစမှန်တာက တစ်အိမ် မျက်နှာခြင်းဆိုင် နှစ်ဆိုင်ပေါ့ အဲ့တာ ယမ်းစမှန်သွားတယ်။ တစ်ဆိုင်ကတော့ နည်းနည်းပျက်စီးသွားတာပေါ့ လမ်းကပေ ၃၀ လောက်ကျယ်တာကိုး တစ်ဖက်ကိုရောက်သွားတော့ နှစ်ဖက်စလုံးထိသွားတာ ၊ သေတာတော့မကြားဘူး ။
အဆိုပါဗုံးပေါက်ကွဲမှုဟာ ဇန်နဝါရီလ ၈ ရက်နေ့ မနက် (၁) နာရီခွဲ ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး အိမ်အပေါ်ထပ်မှာအိပ်နေတဲ့ ကလေးအား အစထိမှန်ကာ ပေါင်တွင်ညိုမဲ ဒဏ်ရာရရှိသွားတယ်လို့ အိမ်ရှေ့ဗုံးပေါက်ကွဲခံရသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နာပေါ်မှာ ရေးသားထားပါတယ်။
ဒီပေါက်ကွဲမှုက ဘယ်သူတွေရက် လက်ချက်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး ။
ခန္တီးမြို့မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာန၏ အိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သိရပါတယ်။