ခမ်းပတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၅ ဦး ၊ ထိခိုက်သူ ၁၁ ဦးအထိရှိ 

ပြီ ၂၃ ၊ ခမ်းပတ် 

စစ်ကိုင်းတိုင်းဒေသကြီးတွင်းက   NUG  တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တမူးမြို့နယ် ၊ ခမ်းပတ်မြို့ကို စစ်ကောင်စီဘက်က ဧပြီ ၂၂ ရက်နေ့က တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ အခြေနေမကောင်းလှဘူး စကစဘက်က  လက်နက်ကြီးတွေလဲ ပစ်တယ်၊ လေယဉ်လား ဘာလားတော့မသိဘူး ကျတဲ့လက်နက်တွေတော့ အကြီးတွေကြီးပဲ၊ အိမ်တောင် တုန်တယ်၊ ပြေးရတော့မယ်” လို့ ခမ်းပတ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က  ခမ်းပတ်မြို့နယ်နဲ့ စော်ဘွားရေရှင်ကျေးရွာတို့ကို တိုက်လေယဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံသတင်းမီဒီယာတွေက ဖော်ပြမှုတွေ ရှိလာပြီး ၎င်းဖြစ်စဉ်တွင်း ဒေသခံပြည်သူ ၅ ဦးထိ သေဆုံးကြောင်းနှင့် ၁၁ ဦး ထိခိုက်ထားမှုရှိတယ်လို့လဲ ဆိုပါတယ်။

၎င်းတမူးမြို့နယ် ခမ်းပတ်မြို့ တိုက်ခိုက်မှုအခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ခမ်းပတ်မြို့ကို  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းဝန်းကျင်က   တော်လှန်ရေးအင်အားစုတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး   ၎င်းခမ်းပတ်မြို့ကို ပြန်လည်ရရှိရေး စစ်ကောင်စီဘက်က မကြာခဏဆိုသလို  ထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေလဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *