
ဇူလိုင် ၂၃ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းရှိ Covid19ရောဂါပိုး ပိုမိုစစ်ဆေးနိုင်ရေးအတွက် ပိုသူများမှ လိုသူများသို့ စီးဆင်းခြင်း အစီအစဉ်ကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။
“ မတတ်နိုင်တဲ့သူတွေကို အခမဲ့စစ်ဆေးပေးပြီးတော့ တတ်နိုင်တဲ့သူတွေက စေတနာသဒ္ဒါသလောက်ပြန်လည်လှူဒါန်းပေးတဲ့စနစ်ပေါ့ အဲ့လိုလုပ်ပြီးတော့ စစချင်းလှူဒါန်းတဲ့ဟာကိုပဲ ပြန်ပြီးလိုအပ်တဲ့ RDT test kit တွေကိုပြန်ပြီးဝယ်ယူဖြည့်တင်းဖို့အတွက်ပေါ့” ဟု ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်ခေါင်းဆောင် ဦးစိုင်းနိုင်နိုင်ကျော်က ဆိုသည်။
ဟုမ္မလင်းမြို့တွင် Covid19ရောဂါပိုးစစ်ဆေးရာတွင် RDT Test Kid ခ တစ်သောင်းကျပ်ကို မြို့နယ် ကိုဗစ်ကော်မတီက ကောက်ခံနေခြင်းဖြစ်သည်။
ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်က RDT Test Kit ခ အတွက် မတတ်နိုင်သည့် မိသားစုများအတွက် ရည်ရွယ်ပြီးလုပ်ဆောင်ခြင်း နှင့် ပိုမိုစစ်ဆေးနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
လက်ရှိအချိန်တွင်တစ်ရက်လျှင် လူ(၅၀) ဦးစာအတွက် အခမဲ့စစ်ဆေးပေးနိုင်ခြင်းဖြစ်သည် လက်ရှိတွင်အဖွဲ့က RDT Test Kits တစ်ထောင်စုဆောင်းထားပြီး စစ်ဆေးမှုများကို လုပ်ဆောင်ပေးနေသည်။
ဇူလိုင်လ ၂၂ ရက်နေ့ညအထိဟုမ္မလင်းမြို့နယ် Covid19 ကူးစက်လူနာ ၉၄၅ ဦးထိရှိနေပြီး သေဆုံးသူ ၂၆ ဦး နှင့် လက်ရှိ ကုသမှုခံယူနေရသူ ၃၁၈ ဦးရှိနေကြောင်းသိရသည်။