ငလျင်ကြောင့် ပြန်လည်ဖြေဆိုရတဲ့ တက္ကသိုလ်စာမေးပွဲဖြေဆိုသူ ခြောက်သောင်းကျော်ရှိ 

ဇွန် ၁၇ ၊ ရန်ကုန် 

ဇွန်လ (၁၆) ရက်နေ့ကနေ  စတင်ပြန်လည်ဖြေဆိုနေပြီဖြစ်တဲ့  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လူဦးရေခြောက်သောင်းကျော် ပြန်လည်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ငလျင်ကြောင့် ၂၀၂၄ -၂၀၂၅ အဖြေလွှာများပျက်စီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် ၊မန္တလေးတိုင်း၊နေပြည်တော်ကောင်စီနယ်တို့မှာ ယခုပြန်လည်ဖြေဆိုသူ (၆၂၈၂၄)ဦး ရှိနေကြောင်း စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက  ဒီနေ့မှာ ထုတ်ပြန်လာတာပါ။ 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပထမအကြိမ်က ဖြေဆိုခဲ့သူ (၉၈၅၉)ဦး ယခု (၈၀၄၅)ဦး၊မန္တလေးတိုင်းမှာ ပထမအကြိမ်က (၃၄၃၈၃)ဦး ယခု (၃၃၇၈၈)ဦး၊နေပြည်တော်မှာ ပထမအကြိိမ်က (၁၂၅၅၂)ဦး ယခု (၁၂၄၀၇)ဦးဖြင့် စစ်ကိုင်းတိုင်းက ဖြေဆိုသူအနည်းဆုံးဖြစ်ပါတယ်။  

ဗန်းမောက် ၊ ဝန်းသို ၊ မော်လိုက် ၊ အရာတော် ၊ မင်းကင်း ၊ ပန်ဆက် ၊ တမူး ၊ အထက(၂) ရွှေဘို ၊ အထက (၁) ရေဦး စတဲ့ စာစစ်ဌာနတွေက ပြန်လည်ဖြေဆိုစရာမလိုဘဲ ကျန်တဲ့ စစ်ကိုင်းတိုင်းထဲက စာစစ်ဌာနတွေအားလုံး ပြန်လည်ဖြေဆိုရတာလည်းဖြစ်ပါတယ်။ 

ငလျင်ကြောင့် စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အပေါ် ဝေဖန်မှုတွေမြင့်တက်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုဖို့အတွက် အချိန်နှစ်လဝန်းကျင်ယူပြီး စခန်းသွင်းလေ့ကျင်မှုပြုလုပ်ကာ ပြန်လည်ဖြေဆိုစေခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *