
မတ် ၃၁ ၊ မန္တလေး
အင်အားပြင်ထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ရက်နေ့အဖြစ် ရက်သတ္တပတ် သတ်မှတ်ပြီး စစ်ကောင်စီက ဒီနေ့ မှာကြေညာခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့ကနေ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အလံတွေကို တိုင်တစ်ဝက်လျှော့ချ လွင့်ထူရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကိုင်း နဲ့ ပလိပ်ကို အခြေပြုပြီး မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ အင်အား ၇.၇ ရစ်(ခ်)တာစကေးရှိတဲ့ ငလျင်ကြောင့် မန္တလေး ၊ စစ်ကိုင်း ၊ နေပြည်တော် မြို့တွေမှာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့တာဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီး ဒီနေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ဆက်လုပ်လုပ်ကိုင်နေပြီး သေဆုံးသူအရေအတွက်တွေလည်း တိုးများလျက်ရှိနေဆဲဖြစ်ပါတယ်။
ဒီနေ့ မတ်လ ၃၁ ရက်နေ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့နယ်အတွင်းရှိ ပြိုကျပျက်စီးနေသည့် ရာနှင့်ချီသည့် အဆောက်အဦးတိုက်တွေကြား ပိတ်မိနေတဲ့သူတွေကို မန္တလေးမြို့ အခြေစိုက် နှင့် ပြည်တွင်း အခြေစိုက် ပရဟိတအဖွဲ့များ၊လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ စတဲ့ နိုင်ငံတကာအဖွဲ့တွေက ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။