စက်တောကျေးရွာမှာ ဗန်းမောက်မြို့မိမြို့ဖတစ်ဦးအပါအဝင်ပြည်သူငါးဦး  အမည်မသိလက်နက်ကိုင်များဖမ်းဆီခံရ

ဧပြီ ၁၂ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် စက်တောကျေးရွာမင်္ဂလာဆောင်သွားသည့် ဗန်းမောက်မြို့မိမြို့ဖတစ်ဦးအပါအဝင် ဒေသခံငါးဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေ ဧပြီလ ၁၁ ရက်နေ့မှာ စက်တောမင်္ဂလာခန်းမဆောင်ရှေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“စက်တောမှာ မင်္ဂလာဆောင်သွားရင်းနဲ့ အဲ့မှာ ဟိုက ခန်းမရှေ့မှာပဲ သူတို့ လာဖမ်းသွားတယ်” လို့ဒေသခံ သတင်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့ ငါးဦးထဲမှာ မြို့မိမြို့ဖဖြစ်တဲ့ ဦးအောင်ရွှေထူးလည်း ပါဝင်နေပြီး သူ့တစ်ဦးတည်းကိုသာ  လက်နောက်ပြန်ကြိုးတုတ်ကာ ရိုက်နက်ပြီး ဖမ်းခေါ်သွားတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦးကပြောပြပါတယ်။ 

“လက်သမား ကျော်မြင့်ရယ်၊ ငါတို့ ကားသမား ဦးမြင့်နိုင်ရယ်၊ အောင်ရွှေထူးရယ်၊ မောင်ဦးရယ်၊ နောက်ပြီးကျတော့ သားငယ်ဆိုလားမသိဘူး အင်းတော်ကတစ်ယောက်ပါတယ်လို့ပြောတယ်။ ကိုအောင်ရွှေထူးကိုကတော့ သူတို့ ဟိုက လက်ပြန်ကြိုးတုတ် ခေါင်းကိုထုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျန်တဲ့လေးယောက်ကိုတော့ ကားထဲ တင်ခေါ်သွားတယ်လို့ပြောတယ်။” ဖြစ်စဉ်ကို သိသူတစ်ဦးက ပြောပြပါတယ်။ 

ဖမ်းဆီးခံရသူ ငါးဦးကို ဘယ်အဖွဲ့အစည်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းကို မသိရသေးဘူးလို့ ဆိုကြပါတယ်။

“မပြောတတ်ပါဘူးမောင်ရယ် အဲ့ဒီအဖွဲ့တွေလည်း ဘာအဖွဲ့တွေလည်း ပြီးတော့ ဃဂဏနလည်း မသိကြပါဘူး။ သူများပြောလို့သာ ကိုယ်လည်း ကြားတာပါ့။” လို့ မြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုပါတယ်။ 

ဧပြီလ (၄) ရက်နေ့ကလည်း ဗန်းမောက်မြို့ စက်တောကျေးရွာအထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးနှင့် အထက်တန်းကျောင်း စာရေးမတစ်ဦးတို့ကို စက်တောကျေးရွာရှိ နေအိမ်အတွင်းအမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက်ခေါ်ဆောင်သွားပြီး သတင်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

လက်ရှိ ဗန်းမောက်မြို့အနီးမှာ စစ်ကောင်စီတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကဒူးPDF စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ သွားလှုပ်ရှားနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *