
မတ် ၂၀ ၊ မန္တလေး
ဒီနေ့ မတ်လ (၂၀) ရက်နေ့ကစလို့ စက်သုံးဆီစျေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၇၀၀ ကျော်စီ စျေးနှုန်းတွေ မြှင့်တက်လာခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင််ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
စက်သုံးဆီအမျိုးအစားတွေဖြစ်တဲ့ 92 တစ်လီတာကို ၃၄၁၉ ကျပ် ၊ 95 တစ်လီ တစ်လီတာကို ၃၆၀၀ ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်တစ်လီတာဟာ ကျပ်ငါးထောင်အထိ စျေးနှုန်းတွေမြင့်တက်လာတာလည်းဖြစ်ပါတယ်။
စက်သုံးဆီဆိုင်ကြီးအများစုတွေဟာလည်း မနေ့ကစလို့ ခွဲတမ်းရရှိနိုင်မှုလျော့ကျလာတာကြောင့် ပိတ်ထားတဲ့အနေအထားဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဆီဆိုင်အများစုဟာလည်း မော်တော်ကားတစ်စီးကို ကျပ်သုံးသောင်းခွဲဖိုး ( 2 ဂါလံကျော် ) နဲ့ ဆိုင်ကယ်တစ်စီးကို ကျပ် ၅၀၀၀ ( တစ်လီတာ)ကျော်သာ ရောင်းချပေးနေတာဖြစ်ပါတယ်။
မြို့ပြမဟုတ်တဲ့ကျေးလက်ဒေသတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် တစ်သောင်းခွဲ မှ စတင်ဝယ်ယူသုံးစွဲနေရတယ်လို့သိရပါတယ်။
စက်သုံးဆီစျေးနှုန်းတွေဟာ မတ်လအစက ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကြောင့် ထက်ဝက်နီးပါး စျေးနှုန်းမြင့်တက်လာနေတာပါ။
စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီသိုလှောင်ထားမှု ရက် ( ၄၀) အတွက်ရှိထားတယ်လို့ဆိုထားပြီး ဆီစျေးနှုန်းတွေ ကမ္ဘာ့စျေးနှုန်းတွေအတိုင်းမြင့်တက်လာနိုင်ကြောင်း အီရန်-အမေရိကန် စစ်ပွဲအစမှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ်စက်သုံးဆီ ပမာဏဟာ ဓာတ်ဆီက (၁.၅) သန်း ၊ ဒီဇယ်က (၁.၄) သန်းရှိပြီး နေ့စဉ် သုံးစွဲမှုက သုံးသန်းကျော်ရှိနေတာပါ။
အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကာတာနိုင်ငံရဲ့အဓိက ဓာတ်ငွေ့စက်ရုံအပါအဝင် အရှေ့အလယ်ပိုင်းရှိ စွမ်းအင်အခြေခံအဆောက်အဦးတွေ ထိခိုက်ခဲ့ပြီးတဲ့နောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့စျေးနှုန်းတွေဟာ မနေ့က ကြာသပတေးနေ့ ညနေပိုင်းကစပြီး သိသိသာသာမြင့်တက်လာနေတာလည်းဖြစ်ပါတယ်။
