စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး အသစ်ပြန်ခန့်အပ် 

ဩဂုတ် ၈ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် နေရာမှာ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ ဦးစိုင်းလှိုင်ငြိမ်းကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

ဩဂုတ်လ ၇ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြည်နယ် သုံးခုနဲ့ တိုင်းဒေသကြီး ၂ ခုက  အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အပ်ခန့်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

တိုင်းရင်းသားရေးရာဝန်ကြီးဟောင်းဖြစ်တဲ့ ဦးစိုင်းနိုင်နိုင်ကျော်ဟာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၄ နှစ် တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

သူဟာလက်ရှိ SSP ပါတီရဲ့ ဒုဥက္ကဌ အဖြစ် တာဝန်ယူထားသူတစ်ဦးလည်းဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မယ့်အချိန်နဲ့ ဝန်ကြီးခန့်အပ်ထားချိန်ဟာ နီးကပ်နေတာလည်းဖြစ်ပါတယ်။

ဦးစိုင်းလှိုင်ငြိမ်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ SSP ပါတီကနေ စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားရေးရာကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် သူဟာ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကိစ္စရပ်တွေနဲ့ ရှမ်းနီတိုင်းရင်းသား စာပေ၊ လူငယ် စတဲ့အဖွဲ့အစည်းအသီးသီးမှာလည်း ပါဝင်လှုပ်ရှားခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *