စစ်ကိုင်းတိုင်းမှာ    မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်တဲ့စစ်ကျန်လက်နက်ကပစ္စည်းများကြောင့်ထိခိုက်မှုအများဆုံးဖြစ် 

ဧပြီ ၈ ၊ စစ်ကိုင်း 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်တွင်း အရပ်သား ၃၇၂ ဦး ထိခိုက်ခံစားခဲ့ရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စစ်တမ်းအရ သိရပါတယ်။ 

ဒီပမာဏဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အများဆုံးဖြစ်ပြီးတော့ သေဆုံးသူ  ၅၃ ဦးရှိတဲ့ထဲ ကလေးငယ် ၁၆ ဦး နဲ့ လူကြီး  (၃၇)  ဦးပါဝင်တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းဟာ   ထိခိုက်ခံစားရမှုအရေအတွက်စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းရှိပြီး  ရှမ်းပြည်နယ်မှာ  ၁၂ ရာခိုင်နှုန်းနဲ့ ပဲခူးတိုင်းမှာ ၉  ရာခိုင်နှုန်း ရှိနေတာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်ရေးအပြင်းထန်ဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ် ၊ ဒေသကာကွယ်ရေးတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များစွာ အခြေချလှုပ်ရှားတဲ့ နယ်မြေတွေလည်းဖြစ်လာပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် လူဦးရေ ၁၀၅၂ ဦးအထိမြင့်တက်လာခဲ့တာဖြစ်ပြီး သုံးဆနီးပါးတိုးလာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ 

နိုင်ငံတဝှမ်း ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းဟာ  ကလေးတွေဖြစ်တယ်လို့ UNICEF ထုတ်ပြန်ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *