စစ်ကောင်စီက ၂၀၂၀ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ခြင်းကိုကျားခေါင်း ပါတီလက်မခံ

ဇူလိုင် ၂၈ ၊ ရန်ကုန်

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို  ပယ်ဖျက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာခဲ့ပြီးနောက် ကျားခေါင်းပါတီက ထိုလုပ်ရပ်များကို လက်ခံနိုင်စရာအကြောင်း မရှိကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ 

ထိုထုတ်ပြန်ချက်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ၊ တရားမဲ့ပြုကျင့်မှုများ ရှိနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ထွက်ပေါ်လာသည့် မဲရလဒ်များသည် ပြည်သူများ၏ ဆန္ဒ အမှန်ဖြစ်သည်ဟု ဆိုထားသည်။ 

စစ်ကောင်စီကဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များ ၊ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေများ နည်းဥပဒေများကို ဆန့်ကျင်ကျော်လွန်နေပြီး ဒီမိုကရေစီ အင်္ဂါရပ်များနှင့်စံနှုန်းများကို လည်း သွေဖယ်နေကြောင်း ပြောဆိုထားသည်။ 

ယခု ဖျက်သိမ်းမှုသည် မဲပေးခဲ့သည့် ပြည်သူများ ၊ ဥပဒေနှင့်အညီ ရွေးကောက်ပွဲဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများကို မတရားသဖြင့်နိုင်ထက် စီးနင်းပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ပြင် ၎င်းတို့၏ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၄၂ ဦးကိုလည်း ၎င်းတို့သက်ရာဆိုင်ရာ မဲဆန္ဒနယ်၏ လူထုကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားကြောင်းကြေညာထားသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *