စစ်ကောင်စီခေါင်းဆောင်ရဲ့နေအိမ်ကို NUG  ရောင်းချမှု၇၂နာရီအတွင်းဒေါ်လာ (၂) သန်းရောင်းရ 

မေ ၉ ၊ 

ရန်ကုန်မြို့ အမှတ် ၁၄ အင်းလျားလမ်းမှာရှိတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်ကို NUG က စတင်ရောင်းချခဲ့ရမှာ ၇၂ နာရီအတွင်း ဒေါ်လာ (၂) သန်းဖိုး အစုရှယ်ရာတွေရောင်းချခဲ့ရပြီလို့ ကြေညာပါတယ်။ 

ဒီရောင်းချမှုက တော်လှန်ရေးအတွက်လိုအပ်တဲ့ ရံပုံငွေရရှိဖို့လို့  စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးက ပြောဆိုထားပါတယ်။ 

အစုရှယ် တစ်သိန်းကို တစ်စု အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီးတော့ ရောင်းချနေတာလည်းဖြစ်ပါတယ်။ 

ရန်ကုန်မြို့ အင်းလျားလမ်းက ၁.၈၆ ဧက ကျယ်တဲ့ ဒီအိမ်နဲခြံဝန်းကို ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပြီး NUG က ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ဒေါ်လာ ၁၀ သိန်းဖိုးဖြတ်ပြီး ရောင်းချတာလည်းဖြစ်ပါတယ်။ 

NUG က တော်လှန်ရေးရံပုံငွေအတွက် ပုံစံအမျိုးမျိုးငွေ ရှာဖွေနေပြီး ငွေတိုက်စာချုပ်ရောင်းချတာ ၊ CDM ထောက်ပံ့ဖို့အတွက် နွေဦးထီ ရောင်းချမှုတွေနဲ့ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *