အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ တိုကျိုမှာ လျှို့ဝှက်ဆွေးနွေးခဲ့

မြေရှား

အောက်တိုဘာ ၁၆ ၊ တိုကျို 

အမေရိကန်နဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ဟာ  ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) က တိုကျိုဆွေးနွေးပွဲကို ထပ်မံဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်က မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းလာမှုတွေဖြစ်ပြီး တစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

စက်တင်ဘာလလယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အရင်ဆွေးနွေးပွဲမှာတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းစင်တာတွေ ပိတ်သိမ်းရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဒီဆွေးနွေးမှုတွေက မြန်မာနိုင်ငံရဲ့ ရှားပါးမြေသတ္တုသိုက်တွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက အရင်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ဘယ်ကိစ္စရပ်တွေကို တိတိကျကျ ဆွေးနွေးခဲ့ကြတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ 

အဆိုပါဆွေးနွေးမှုအကြောင်း သိရှိထားသူ သုံးဦးက ရိုက်တာကို ပြောပြခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်အစိုးရအရာရှိတစ်ဦးလည်း ပါဝင်ပါတယ်။ 

ဆွေးနွေးပွဲရဲ့ အရေးကြီးမှုနဲ့ ထိလွယ်ရှလွယ်ဖြစ်မှုတွေကြောင့် သူတို့ရဲ့ အမည်တွေကို ထုတ်ဖော်မပြောဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်အရာရှိ တစ်ဒါဇင်ကျော် ပါဝင်ခဲ့ပေမဲ့ မြန်မာဘက်က ဘယ်သူတွေ ကိုယ်စားပြုတက်ရောက်ခဲ့တယ်ဆိုတာကိုတော့ ရိုက်တာက အတည်မပြုနိုင်ခဲ့ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ 

ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နှစ်ဖက်စလုံးနဲ့ လိုအပ်သလို ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ အီးမေးလ်ကနေတစ်ဆင့် ပြောကြားခဲ့ပေမဲ့ သီးခြားသံတမန်ရေးရာ ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အခုလို တစ်လအတွင်း တိုကျိုမှာ ထပ်မံဆွေးနွေးခဲ့တာက နှစ်ဖက်စလုံးဟာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ စိတ်ဝင်စားနေကြောင်း ပြသနေပါတယ်။

အမေရိကန်အရာရှိတွေဟာ လျှပ်စစ်ကားတွေကစလို့  လေအားလျှပ်စစ်တာဘိုင်တွေအထိ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မြေရှား (Heavy Rare Earths) သိုက်ကြီးတွေကို ရယူသုံးစွဲနိုင်ရေးနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီကိစ္စမှာ အခက်အခဲကြီးတွေ ရှိနေတယ်လို့ အမေရိကန်အရာရှိတွေက အသိအမှတ်ပြုထားပါတယ်။ 

မြေရှားသတ္တုသိုက် အများစုဟာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ရှိနေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *