စစ်ကောင်စီပြင်ဆင်နေတဲ့ရွေးကောက်ပွဲအသစ်ကျင်းပမယ့်အပေါ်ပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများကန့်ကွက်

မေ၁၃ရန်ကုန် 

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပမယ့်အပေါ် ပြည်နယ်နဲ့ တိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီက ကန့်ကွက်ကြောင်း မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

ပြည်နယ်နဲ့တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (၁၂)​ခုက ဒီထုတ်ပြန်ချက်ကိုပူးပေါင်းထုတ်ပြန်ကြတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်စေဖို့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ အပါအတင် စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ဒီကော်မတီတွေက ပြောပါတယ်။ 

NLD ပါတီရဲ့မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပါတီကိုယ်စားပြုမှုနဲ့ ပတ်သက်တဲ့ ရှင်းလင်းမှုအကြောင်း ထုတ်ပြန်ချက်ကိုလည်း ထောက်ခံတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီက ရွေးကောက်ပွဲကိုလာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့အတွက်ပြင်ဆင်မှုတွေလည်းရှိနေပြီး ရွေးကောက်ပွဲစနစ် အပါအဝင် ဥပဒေ ၊ နည်းဥပဒေတွေကို ပြောင်းလဲဖို့လုပ်ဆောင်နေတာတွေလည်းရှိနေပါတယ်။ 

PR Closed List စနစ်နဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကိုကျင်းပသွားမယ်လို့လည်း ပြောဆိုထားသလို နေရာဒေသအားလုံးမှာ ကျင်းပဖို့လည်း ပြောဆိုထားပါတယ်။ 

အင်အားကြီး နိုင်ငံရေးပါတီတချို့ကလွဲပြီး ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီအများစုက စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ဖို့အတွက် ပြောဆိုမှုတွေကိုလည်းရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *