စစ်ကောင်စီဗဟိုဘဏ်ကဒေါ်လာသန်း၂၀၀  ထောက်ပံ့မယ်လို့ကြေညာ 

စက်တင်ဘာ ၁ ၊ နေပြည်တော်

မြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးကြီးမြင့်မှုတွေကြောင့်  အခြေခံကုန်စည်စျေးနှုန်းကြီးမြင့်လာမှုတွေကို သက်သာစေဖို့  ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ်လို့ ဩဂုတ်လကုန်မှာ ကြေညာပါတယ်။ 

ဒီလိုထောက်ပံ့မယ့် အသေးစိတ်အစီအစဉ်ကိုတော့ ဗဟိုဘဏ်ဘက်က ထုတ်ပြန်ခြင်းမရှိပါဘူး။ 

ပြည်တွင်း စက်သုံးဆီစျေး ဩဂုတ်လ ၃၁ ရက်နေ့မှာ တစ်လီတာကို ၂၆၀၀ ကျပ် နဲ့ ၃၅၀၀ ကျပ် အတွင်းမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။​

စစ်ကောင်စီက ထောက်ပံ့မယ့်သတင်းကြေညာပြီးနောက် ဒီနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ စက်သုံးဆီစျေး 92 တစ်လီတာကို ၂၅၀၀ ကျပ် အဖြစ် စျေးအနည်းငယ်ပြောင်းလဲလာခဲ့ပါတယ်။ 

မနေ့ကဩဂုတ်လ ၃၁ ရက်နေ့မှာပဲ ပြည်တွင်း ရွှေစျေးကွက်က အကယ်ဒမီ ရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်နဲ့ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ 

စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ ဗဟိုဘဏ်တို့က ဩဂုတ်လ၂၇ ရက်နေ့မှာ  နိုင်ငံခြားငွေကြေးလွယ်ကူစွာ​ရရှိနိုင်ရေး အတွက်ဆွေးနွေးခဲ့ပြီး နိုင်ငံခြားငွေစျေးနှုန်းဆွဲတင်မှုနဲ့  အွန်လိုင်းကနေ တရားမဝင်ရောင်းဝယ်မှုတွေကို  နိုင်ငံခြားငွေကြေးသုံးစွဲမှု စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *