စစ်ကောင်စီ ရဲ့ ရာဇဝတ်ကျူးလွန်​မှု​တွေအ​ပေါ် တရားမျှတမှုဖော်​ဆောင်နိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးအကြံပေး နဲ့ NUG ဝန်ကြီးအဖွဲ့တွေ့ဆုံ 

Photo / Aung Myo Min Facebook

ဧပြီ ၉ ၊ ဝါရှင်တန် 

စစ်ကောင်စီရဲ့ ရာဇဝတ်ကျူးလွန်တွေအပေါ် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပိုမိုကူညီလုပ်ဆောင်နိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးအကြံပေး မစ္စတာ ချောလက် နဲ့ NUGက ဝန်ကြီးအဖွဲ့တွေတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။​

အမေရိကန်ကိုရောက်နေတဲ့ NUG က ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မျိုးမင်း ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး နဲ့ အဖွဲ့က ဒီနေ့မှာသွားရောက်တွေ့ဆုံခဲ့တာဖြစ်တဲ့အကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ ဒီနေ့ ဧပြီလ (၉) ရက်နေ့မှာ အသိပေးလာပါတယ်။ 

အမေရိကန်ဘက်က မြန်မာနိုင်ငံက လူတစ်ဦးချင်းစီအတွက် လူ့အခွင့်အရေးတွေကိုမြင့်တင်ဖို့ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေအတွက် NUG နဲ့ တွေ့ဆုံရတာဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို တာဝန်ယူမှုတွေရှိလာအောင် အမေရိကန်အနေနဲ့ ဆက်လက်ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ U.S. Asia Pacific Media Hub မှာ ထုတ်ပြန်ထားပါတယ်။ 

အမေရိကန်မှာက  ဗျူရို (Bureau) of Democracy, Human Rights and Laborရဲ့  လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Lisa Jessica Stern တို့နဲ့ အ​မေရိကန်နိုင်ငံခြားရေးဌာနမှာ ​တွေ့ဆုံခဲ့ပြီး ဒီမိုက​ရေစီနဲ့ လူအခွင့်​ရေးအတွက် လုပ်​​ဆောင်​နေတဲ့ မြန်မာနိုင်ငံကပြည်သူ​တွေအတွက် ​ထောက်ပံ့မှု​တွေကို ဆက်လက်​ပေးအပ်သွားမဲ့ဆိုတဲ့ သတင်း​ကောင်း​ပေးချင်ပါတယ်လို့ ဦးအောင်မျိုးမင်းက ဆိုထားပါတယ်။ 

အမေရိကန်အောက်လွတ်တော်ကလည်း  မြန်မာစစ်တပ်ကိုပိုအရေးယူနိုင်ဖို့အတွက် Burma Act 2021 ကို အတည်ပြုထားပြီး အထက်လွတ်တော်နဲ့ သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပေးဖို့တာကျန်ရှိတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *