မေ ၂၆၊ ကသာ
ကသာမြို့ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတပ် သင်္ဘော (၃) စီးကို မြို့လှ PDF အဖွဲ့တွေက ရှော့တိုက်ဒုန်းနဲ့ မေလ ၂၅ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရိက္ခာတင်သင်္ဘော ၃ စီးက မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ ကသာမြို့ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ညနေ ၂ နာရီခွဲအချိန် ကသာ- အထက်ဘက် ဝဲကြီးရွာနဲ့ သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲမမ လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုပစ်ခတ်တိုက်ခိုက်မှုအပြီး သင်္ဘောဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအနီး လက်နက်ကျည်ကျရောက်သွားခဲ့တယ်လို့လည်းဆိုပါတယ်။
၃ စီးထဲက တစ်စီးက လက်နက်ကြီးထိမှန်မှုကြောင့် ပြန်မဆန်တက်နိုင်ပဲ မိုးတားလေးဆိပ်ကမ်းမှာ ဆိုက်ကပ်ထားခဲ့တယ်လို့ပြောပါတယ်။
နံနက် ၈ နာရီခန့်ကလည်း သင်္ဘောလုံခြုံရေးယူဖို့ မြစ်ကမ်းတလျှောက် ခြေလျှင်စစ်ကြောင်းထိုးလာသော စကစအင်အား ၁ ရာကျော်ခန့်က ကသာ- အထက်ဘက် မိုးတားလေး မြေနုရွာအနီးအရောက်တွင် ဒေသကာကွယ်ရေး တပ်များနှင့် အနည်းငယ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။