နိုဝင်ဘာ ၇ ၊ မြောင်
မန္တလေးမြို့ကနေ ထွက်ခွာလာတဲ့ ရိက္ခာတင်သင်္ဘောကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM အဖွဲ့က ချင်းတွင်းမြစ်ထဲမှာ ဖမ်းဆီးပြီး ဆန်အိတ်တွေကို ပြည်သူတွေဆီဝေပေးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ပြည်သူတွေကို စိတ်ကြိုက်ယူဆောင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ မြောင်PDFအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
PDF အဖွဲ့တွေက လုံခြုံရေးယူပေးနေတဲ့အချိန် ၂ မိုင်အကွာကနေ စစ်ကောင်စီတပ်အင်အား ၇၀ ခန့်က စုန်ဆင်းလာတာကြောင့် သင်္ဘောကို ပြန်လည်စွန့်ခွာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်အိတ် တစ်သောင်းခွဲတင်လာတဲ့ သင်္ဘောကိုဖမ်းဆီးလိုက်ပေမယ့် ဆန်အိတ် ၄၀၀ ဝန်းကျင်သာ ပြည်သူတွေဆီ ဝေငှနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ က ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီသင်္ဘောကိုဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
မြောင်မြို့နယ်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်ထဲမှာရှိတဲ့မြို့တစ်ခုဖြစ်ပြီး ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းတဲ့မြို့လည်းဖြစ်ပါတယ်။