စစ်မှုထမ်း ဥပဒေအတည်ပြုပြီးတစ်နှစ်နီးပါးအကြာမှ နည်းဥပဒေကိုကြေညာ

ဇန်နဝါရီ ၂၄ ၊ ရန်ကုန်

စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေဟာ တစ်နှစ်ပြည့်ခါနီးအချိန်မှ  နည်းပဒေတစ်ရပ်ကို ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ရက်စွဲနဲ့  ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ကြေညာတာဖြစ်ပြီး အခန်း ၁၀ ခန်း ၊ နည်းဥပဒေအပိုဒ်ပေါင်း  ၅၉ ပုဒ်နဲ့ နောက်ဆက်တွဲ ၁၂ ခုနဲ့ ဖော်ပြထားတယ်တာဖြစ်ပါတယ်။

နည်းပဒေနဲ့ ပတ်သက်ပြီး အပြည့်အစုံကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိသေးဘဲ ခေါင်းစဉ်တွေနဲ့ ပါဝင်တဲ့ အခန်းတွေကိုသာ ဖော်ပြထားခြင်းဖြစ်ပါတယ်။ 

နည်းဥပဒေမရှိဘဲ ဥပဒေကို အတည်ပြုပြီး တစ်နှစ်နီးပါးအထိ စစ်မှုထမ်းသင်တန်းတွေဖွင့်လှစ်တာ ၊ စုဆောင်းတာတွေကို စစ်ကောင်စီကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းတွေခေါ်ယူနေတာ အပတ်စဉ် (၉)အထိဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ်ကလွှဲပြီး ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသတွေမှာ စစ်မှုထမ်းသင်တန်းတွေကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ စစ်မှုထမ်း သင်တန်းကျောင်း ၂၃ ခုအထိ ဖွင့်လှစ်ထားခဲ့ပြီး အပတ်စဉ် ၁ ကနေ ၅ အထိ သင်တန်းသား နှစ်သောင်းတစ်ထောင်ထက်မနည်းရှိတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာက ဖော်ပြထားပါတယ်။ 

ပြည်သူ့စစ်မှုထမ်းတွေကို စုဆောင်းရာမှာလည်း ယခင်က  အသက်ပြည့်မှီသူတွေဟာ အလှည့်ကျစနစ်  ၊ တချို့ကျ မဲနိုက်ရွေးချယ်မှု ၊​ငွေကြေးပေးပြီးငှားရမ်းမှုတွေနဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီးတော့ စစ်မှုထမ်းဖို့အတွက် ညအချိန်တွေမှာ စုဆောင်းရေးဆွဲတာတွေကို ပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူငယ်ရာနှင့်ချီ ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ကြေညာထားကြပါတယ်။ 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပြီး ဧပြီလကစပြီး သသင်တန်းတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *